5323

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ပထမနေ့)အစည်းအဝေးမှတ်တမ်း

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)ကို (၂၁.၅.၂ဝ၂၀)ရက်၊ ကြာသပတေးနေ့၊ နံနက်(၁ဝ:ဝဝ)နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်ပါသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ကိုယ်စားလှယ်(၃၁)ဦးအနက် (၃၀)ဦး တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ အစည်းအဝေးတွင်မေးခွန်း(၅)ခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာလျာထားချက်တင်ပြခြင်း၊ လျာထားချက် နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များသည် ယနေ့ရုံးချိန်အတွင်း မွန်ပြည်နယ် လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ မွန်ပြည်နယ်လွှတ်တော်ရေးရာကော်မတီ(၇)ခု သက်တမ်းတိုးမြှင့်ရေးကိစ္စတင်ပြခြင်းနှင့် ပြည်နယ် လွှတ်‌တော်မှအတည်ပြုကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့) တွင် အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ မေးခွန်း(၅)ခု မေးမြန်းဖြေကြား ခြင်း၊ လျာထားချက်တစ်ရပ် တင်သွင်းခြင်း၊ ရေးရာကော်မတီ(၇)ခု သက်တမ်းတိုးမြှင့်ခြင်းနှင့် အတည်ပြုခြင်း တို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေးတွင် ဖိတ်ကြား၍တက်ရောက်သူ(၉)ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို နံနက်(၁၀:၄၅)နာရီအချိန်တွင်ရပ်နား၍ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၂၂.၅.၂၀၂၀)ရက် (သောကြာနေ့) နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆောင်ရွက်ပါမည်။